May 31, 2017
How to work Switch, Bridge and Hub
[Zawgyi]
Switch
1.     Address Learning
အဆင့် ၃ -  pc2 ကို ရောက်တော့ Ethernet frame ကို ကြည့်လိုက်တော့ သူ့စီလာမေးတဲ့ ARP broadcast မို့ သူ့ရဲ့ Mac address နဲ့ အကြောင်းပြန်လိုက်တယ်။
အဆင့် ၅ - pc1 ကို ပြန်ရောက်ပြီ အခုမှ ping ရဲ့ ICMP က တကယ်အလုပ်လုပ်ရတော့မယ်။
အဆင့် ၇ -  PC2 ကို ရောက်တယ် ICMP reply ပြန်တယ်။
Hub
Bridge
ကိုကားစာအုပ်
Internet
[Unicode]
Switch
Switch ရဲ့ အပေါက်တစ်ခုဟာ collection domain တစ်ခု ဖြစ်တယ်။ အဲ့တော့ပြောရရင် အပေါက်တစ်ခုဟာ ကြိုးတစ်ချောင်းဖြစ် တယ်။
Switch မှာ အလုပ်သုံးခုရှိတယ်။
1.     Address Learning
2.     Forwarding / Filter decision
3.     Loop avoidance တို့ဖြစ်တယ်။
Switch ရဲ့ Forwarding အလုပ်လုပ်ပုံက
PC1 ကနေ PC2 ကိုသွားမယ်ဆိုပါတော့ဗျာ။ PC1က ပို့လိုက်တဲ့ frame က switch ကို ရောက်လာရင် အရင်ဆုံး CRC(FCS) တွက် မယ်။ မှားရင် drop မှန်ရင်တော့ frame ထဲပါတဲ့ Source MAC Address ကို ကိုယ့် MAC address Table ထဲမှတ်တယ်။ ပြီးရင် Des Address ကို ဖတ်မယ်။ MAC-address table မှာရှာတယ်။ ရှိရင် သက်ဆိုင်ရာ အပေါက်ကို လွတ်တယ်။ မရှိရင် broadcast လွတ်တယ်။ အောက်ကပုံများတွင် switch များရဲ့ forward လုပ်ပုံကို ပုံနှင့်တကွရှင်းပြထားပါသည်။
အဆင့် - pc1 10.0.0.1 ကနေ pc2  10.0.0.2 ကို ping မယ်ဆိုပါတော့။ အဲ့တော့ ICMP ကအရင် အလုပ်လုပ်မယ်။ pc1 မှာ 10.0.0.2 ရဲ့ mac address မရှိဘူး။ IP ရှိပေမဲ့လို့ 10.0.0.2 ရဲ့ MAC မရှိလို့ ARP request ထွက်မယ်။
အဆင့် - Switch ကို ရောက်ရင် switch ကလည်း ၀င်လာတဲ့ frame ရဲ့ Source mac နဲ့ သူ့ရဲ့ အပေါက်နံပါတ်ကို Switch ရဲ့ Mac address tableထဲမှာ တွဲးမှတ်လိုက်မယ်။ ပြီးရင် Dens mac ကို ကြည့်လိုက်တော့ all ff မို့ broadcast လွတ်လိုက်မယ်။ 
အဆင့် -  pc2 ကို ရောက်တော့ Ethernet frame ကို ကြည့်လိုက်တော့ သူ့စီလာမေးတဲ့ ARP broadcast မို့ သူ့ရဲ့ Mac address နဲ့ အကြောင်းပြန်လိုက်တယ်။
အဆင့် - အဲ့လိုနဲ့ switch ကို ပြန်ရောက်တယ်။ switch ကလည်း ထုံးစံအတိုင်း ၀င်လာတဲ့ frame ရဲ့  source mac နဲ့ သူ့ရဲ့ interface ကို switch ရဲ့ mac address table မှာ တွဲးမှတ်လိုက်တယ်။ ပြီးတော့ Dens mac ကို ကြည့်တယ်။ Mac address table နဲ့ တိုက်စစ်တယ်။ သူ့စီမှာရှိတယ်လေ။ စောစောက ၀င်လာတုံးကမှတ်ထားတယ်လေ။ အဲ့တော့ အဲ့အပေါက်ကနေ လွတ်ပေးလိုက် တယ်။
အဆင့် - pc1 ကို ပြန်ရောက်ပြီ အခုမှ ping ရဲ့ ICMP က တကယ်အလုပ်လုပ်ရတော့မယ်။
အဆင့် - switch ကို ပြန်ရောက်တယ်။ ဒီတစ်ခါတော့ သူ့စီမှာ source mac ကမှတ်ထားပြီးသာမို့ ထပ်မှတ်တော့ဘူး။ Dens mac ကို ကြည့်တယ်။ Mac address table နဲ့ တိုက်စစ်တယ်။ သက်ဆိုင်ရာကို လွတ်တယ်။
အဆင့် -  PC2 ကို ရောက်တယ် ICMP reply ပြန်တယ်။
အဆင့် - switch ကို ပြန်ရောက်တယ်။ ဒီတစ်ခါလည်း သူ့စီမှာ source mac ကမှတ်ထားပြီးသာမို့ ထပ်မှတ်တော့ဘူး။ Dens mac ကို ကြည့်တယ်။ Mac address table နဲ့ တိုက်စစ်တယ်။ သက်ဆိုင်ရာကို လွတ်တယ်။
အဆင့် - နောက်ဆုံး ICMP reply ကို pc1က ပြန်ပြီးလက်ခံရရှိသွားပါသည်။ အခုမှ data ပို့ရန်အဆင်သင့်ဖြစ်သွားပါပြီ။
Switch ရဲ့ Mac address table က 300 seconds ကြာတိုင်း သူ့ဘာသာ default ဖြတ်ပါတယ်။
Hub
Hubဆိုတာက ဘာနဲ့တူလည်းဆိုတော့ကာ အိမ်မှာသုံးနေတဲ့ လျှပ်စစ်ကြိုးနဲ့တူတယ်လို့မြင်လိုက်ပါ။ ကျွန်တော်တို့ တစ်ခုခုသုံးမယ်ဆိုရင် အဲ့ကြိုးကနေ ဖောက်ပြီးတော့သုံးမယ်။ ရေစက် သုံးလည်း ဒီကြိုးကပဲသုံးမယ်။ မီးသီးလည်း ဒီကြိုးကနေဖောက်သုံးမယ်။ ဘာလာလာ ဒီကြိုးကနေဖောက်သုံးမယ်။ အဲ့လိုသဘောတရားနဲ့ hub တွေက အလုပ်လုပ်ပါတယ်။ Hub က Layer 1 မှာပဲ အလုပ်လုပ် ပါတယ်။ Hubက သူ့လာချိတ်တဲ့ device တိုင်းက ခုဏက ပြောသလို ကြိုးတစ်ချောင်းထဲကို ၀ိုင်းသုံးနေသလိုမျိုး သုံးရတဲ့အတွက် bandwidth ကို မျှသုံးရပါတယ်။ တစ်ယောက်က sending ဆိုရင် တစ်ယောက်က  sending ပို့လို့မရပါဘူး။ ပို့ခြင်ရင် data တွေမတိုက်မိအောင် Listen လုပ်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် data တွေမတိုက်မိအောင် CSMA/CD ကို သုံးပြီးတော့ ရှောင်ကြပါတယ်။ ဥပမာ PC1 က sending ဆိုရင် PC2 က receiving လုပ်ပေးရပါတယ်။ တစ်ကြိမ်ထဲ PC1 ကော PC2 ကော Sending လုပ်လို့မရပါဘူး။ အဲ့ဒါကို Half Duplex လို့ခေါ်တယ်။ တစ်ကြိမ်ထဲ sending ကော receiving ကော လုပ်နိုင်တာကို Full Duplex လို့ခေါ်တယ်။ ပုံမှာ hub က ဘာ၀င်လာလာ Layer 1 ကိုပဲသိကြောင်းပြထားတာပါ။
Bridge
Bridge ဆိုတာကတော့ switch နဲ့သဘောသတရားခြင်းတူပါတယ်။ Switch မှာက Bridge ထက်ပိုပြီးတော့ port အရေတွက်ပိုမိုပါ၀င်ပါတယ်။ Layer 2 device ဖြစ်ပါတယ်။   
ကိုကားစာအုပ်
ဆရာအောင်နိုင်မိုး Cisco Essential Networking Note
Internet