May 22, 2017
NAT (Network Address Translation)
Unicode
NAT ဆိုတာကဘာလည်း။ NAT ဆိုတာကတော့ ကျွန်တော်တို့ သုံးပြုနေတဲ့ IP မှာ Public နဲ့ Private ဆိုပြီးတော့ address နှစ်မျိုးခွဲး ထားတာတာဆိုတော့ Public address တွေအများကြီး မချပေးနိုင်ဘူးပေါ့ဗျာ။ အဲ့ဒီအတွက် LAN မှာ private address တွေကို အသုံးပြုပြီးတော့ internet ကို ထွက်တဲ့အခါမျိုးမှာဆိုရင်တော့ private မှာ သုံးတဲ့ address ကို internet ကို ထွက်ရမှာဖြစ်တဲ့ အတွက်ကြောင့် public address ပြောင်းလည်းဖို့လိုအပ်မှာ သေခြာပါတယ်။ အဲ့လိုနေရာမှာ address တွေကို translation လုပ်တဲ့ function ကို NAT လို့ခေါ်တာဖြစ်တယ်။ NAT က သူ့စီရောက်လာတဲ့ private address ကို သူ့မှာရှိတဲ့ public address နဲ့ လည်းပြီး အဲ့ public address နဲ့ internet ကို ထွက်သွားတယ်။ Internet က ပြန်ပြီးတော့၀င်လာတဲ့ public address ကို private address ပြန်လည်းပြီး client စီကို ပြန်လည်းပေးပိုပါတယ်။ Cisco မှာ NAT အသုံးပြုဖို့ဆိုရင် အောက်က အဆင့်သုံးဆင့်ကို ပြုလုပ်ရမယ်။
1)        Access-list ကို အသုံးပြုရပါသည်။ Private address တွေကို access list နဲ့ စရင်ပြုဆိုရတယ်။ အဲ့ဒါမှာ ဒီ address တွေဆိုရင်တော့ translation လုပ်မယ်ဆိုပြီးတော့ router သိမှာဖြစ်တယ်။
2)        NAT ရေး NAT ကို ရေးပုံမှာ အမျိုးစား သုံးမျိုးရှိတယ်။
A.   Static NAT (One to One) or (Port Forwarding)
B. Dynamic NAT (Dynamic NAT မှာ Many to Many နဲ့ Many to Many Overload ဆိုပြီးတော့ရှိတယ်။)
C.   NAT Overloading (PAT – Port address Translation ဆိုပြီးတော့လည်း သိကြတယ်။) or (One to Many လို့လည်းခေါ် တယ်။)
3)        Interface မှာ à inside, ouside ကြေညာ။
NAT အသုံးနှုန်းမျာ:
NAT မှာ Local Address နဲ့ Global Address ဆိုပြီးတော့ရှိတယ်။
Local address ဆိုတာကတော့ translate မလုပ်ခင် router ထဲကို ၀င်လာတဲ့ address တစ်နည်းအားဖြစ် private address တွေဖြစ် တယ်။
Global Address ဆိုတာကတော့ translate လုပ်လိုက်တဲ့ address တစ်နည်းအားဖြစ် public address ဖြစ်တယ်။
Local နဲ့ Global address တွေကို ပြန်ပြီးခွဲးထုတ်လိုက်ရင် ၄မျိုးရှိတယ်။
1- Inside Local               Translate မလုပ်ရသေးတဲ့ source address
2- Ousitde Local             Translate မလုပ်ရသေးတဲ့ destination address
3- Inside Global            Translate လုပ်ပြီးသွားတဲ့ source address
4- Outside Global         Translate လုပ်ပြီးသွားတဲ့ destination address
Static Nat
ဆိုတာကတော့ private address တစ်ခုကို public address တစ်ခုနဲ့ အသေချိတ်ဆက်ထားတာဖြစ်တယ်။ ဒီ address ဆိုရင် public address ဒါကိုပြောင်းဆိုပြီးတော့ သတ်မှတ်ထားတာဖြစ်တယ်။ အဲ့တော့ public address တစ်ခုထက်ပိုလိုအပ်တယ် ဆိုရင် static nat ကအဆင်မပြေဘူးပေါ့ဗျာ။ ဥပမာ - 192.168.1.1/24 private address လာရင်တော့ 35.20.43.20 ဆိုတဲ့ public address ကို ပြောင်းဆိုပြီးတေ့ာဖြစ်တယ်။ အဲ့တော့ 192.168.1.2/24 က public address ကို အသုံးပြုဖိုလိုအပ်လာရင်တော့ အသုံးပြုလို့ရ တော့မှာမဟုတ်ပါဘူး။ အဲ့တော့ client များရင်များသလို public address လိုအပ်မှာဖြစ်တယ်။ အဲ့တော့ အဆင်ပြေဘူးပေါ့ဗျာ။ Public address ကို မရှိလို့ nat သုံးပါတယ်ဆိုမှ အခုတော့ public address တွေ အများကြီး လိုအပ်နေပြီ အဲ့တော့ static nat ကအဆင် မပြေလှဘူပေါ့ဗျာ။ အမှန်တကယ်တန်းမှာတော့ static nat ကို internet ကနေပြီးတော့ ကိုယ့်ရဲ့ local network ထဲမှာရှိ တဲ့ service တစ်ခုခုကို access လုပ်ခြင်တဲ့အခါမျိုးမှာ အသုံးပြုကြတယ်။ ဥပမာ - ကျွန်တော်စီမှာ public ip တစ်ခုရှိတယ်ဆိုပါတော့ ကျွန်တော် local network ထဲမှာ web server တစ်ခု လုပ်မယ်ဗျာ။ web server အတွက် public ip ကလိုကော။ ကျွန်တော်မှာရှိတာ က public ip ကတစ်ခုထဲ router မှ အဲ့ public ip ကို ထည့်မှ internet ထွက်ရင် nat က translation လုပ်ပြီး internet ကို ထွက်သွားမှာဆိုတော့ router ရဲ့ internet out interface ကို public address ပေးရကော။ အဲ့လိုပေးလိုက်ရင် web server ကို ပေးဖို့ ip မရှိတော့ဘူး။ အဲ့လိုနေရာမျိုးမှာ static nat ကို အသုံးပြုပြီးတော့ ဖြေရှင်းလို့ရတယ်။ ဘယ်လို ဖြေရှင်းမလည်း။ router မှာ ပေးထားတဲ့ public address ကိုသုံးပြီး ကိုယ် network ထဲမှာရှိတဲ့ web server ရဲ့ port 80 or 443 နဲ့ တွဲးပြီးတော့ Mapping လုပ်ထားလိုက်ရင် internet ကနေပြီးတော့ ကိုယ် router ရဲ့ public address ကို http (port 80 or 443) လာမေးတဲ့အခါ ကိုယ် local network မှာရှိတဲ့ private ip address နဲ့ port 88 or 443 နဲ့ ပြောင်းပြီးတော့ router ကနေထွက်လာမှာဖြစ်တယ်။
(config)#ip nat inside source static tcp 192.168.1.1 80 203.81.1.1 80 extendable
အောက်တွင် static nat နှင့် PAT ကို တွဲးပြီး configuration လုပ်ပြထားပါသည်။
Dynamic NAT
ဟုတ်ပြီ static nat က one to one ပဲရတော့ အဆင်မပြေဘူး။ Client အများကြီးကနေပြီးတော့ public ကိုသွားဖို့ဆိုရင်တော့ public address တွေအများကြီးလိုအပ်မှာပဲ။ အဲ့လိုနေရာမှာ public address တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုတဲ့ address တွေကို ပြောင်းလည်းပြီးသွားစေခြင်ရင်တော့ Dynamic NAT ကို အသုံးပြုရပါတယ်။
Many to Many à Public address ၄ခု ရှိတယ်ဆိုပါတော့။ အဲ့ ၄ခုနဲ့ translation လုပ်ပြီးတော့ internet ကို ထွက်မှာဖြစ်တယ်။ Public address ၄ခု translate လုပ်ပြီးလို့ internet ကို ထွက်မဲ့ private address ၅ခုမြောက်ရောက်လာရင်တော့ translate လုပ်စရာ public address မရှိတာကြောင့် ၅ခုမြောက် private address ဖြတ်ချပြစ်လိုက်မှာြဖစ်တယ်။ Translate လုပ်နိုင်တဲ့ public address ၄ ခုထဲက တစ်ခုခု အားတဲ့အထိစောင့်ပြီးတော့မှပဲ နောက်ထပ်ပြန်ပြီ translate လုပ်မှာဖြစ်တယ်။
Many to Many Overload à Public address ၄ခုရှိတယ်ဆိုရင် internet ကို အဲ့ ၄ခုနဲ့ ကုန်သွားပြီး ၅ခုမြောက်ရောက်လာရင် ထွက်စရာမရှိတော့ဘူး ဒါဆိုရင် router က ဖြတ်ချလိုက်မှာဖြစ်တယ်။ အဲ့လိုနေရာမျိုးဆိုရင် overload ဆိုတာကို သုံးလိုက်ရင် ၅ခု မြောက်ရောက်လာရင် သူ့ဘာသာ ပြောင်းလည်းပြီးထွက်သွားမှာဖြစ်တယ်။
Dynamic NAT ကို အသုံးပြုခြင်းဟာ public address ၁ခုထက်ပိုပြီးတော့ရှိသဖြင့် ထို public address ၁ခုထက်ပိုတဲ့ဟာတွေကို Pool ဆောက်ပေးရပါတယ်။
ip route 0.0.0.0 0.0.0.0 10.10.10.2
access-list 10 permit 192.168.1.0 0.0.0.255
ip nat pool NAME 10.10.10.3 10.10.10.10 netmask 255.255.255.0
ip nat inside source list 10 pool NAME overload
interface FastEthernet0/1
ip address 192.168.1.1 255.255.255.0
ip nat inside
interface FastEthernet0/0
ip address 10.10.10.1 255.255.255.0
ip nat outside
NAT Overloading (PAT)
NAT Overloading ကို အများအားဖြစ် PAT – Port address Translation လို့သိကြပါတယ်။ PAT မှာကတော့ Public address တစ်ခုထဲရှိနေရုံနဲထင် အလုပ်ဖြစ်တာမို့ အသုံးများတဲ့ nat တစ်ခုဖြစ်တယ်။ သူကတော့ ဘယ်လိုအလုပ်လုပ်ဆိုရင်တော့ private address တွေသူစီကို၀င်လာရင် အရင် nat တွေမှာလို့ inside address and ouside address တွေကို မှတ်တဲ့အပြင် host တစ်ခုခြင်စီကပို့လာတဲ့ port နံပါတ်တွေကိုပါတွဲးပြီးမှတ်ပါတယ်။ Private address တစ်ခု သူ့စီ၀င်လာရင် ဘယ်protocol ကလာပို့တဲ့ port ဆိုတာကိုကြည့်ပြီး private address နဲ့ port နံပါတ်နဲ့ တွဲးမှတ်လိုက်တယ်၊ Public ကို translate လုပ်တဲ့အခါမှလည်း public address အနောက်မှာ port နံပါတ်တစ်ခုကို တပ်ပေးလိုက်တယ်။ အဲ့တော့ return ပြန်တဲ့အခါမှာလည်း public address ကပြန်၀င်လာတဲ့အခါမှာ port နံပါတ်နဲ့ addressကို ကြည့်လိုက်တယ်။ သူ့ nat table ထဲမှာ ရှာပြီးတေ့ာ သတ်ဆိုင်ရာ host စီကိုပြန်ပို့လိုက်တယ်။
-  အထက်ကပုံမှာဆိုရင် 10.10.10.1 private address က web server ကို သွားခြင်တာမို့ port 80 နဲ့ router စီကိုရောက်လာတယ်။
-  NAT က port နဲ့ private address ကို တွဲးပြီးတော့ မှတ်ထားလိုက်တယ်။ 10.10.10.1:80 à
-  Public address ကို port တစ်ခုခုနဲ့ တွဲးပြီးတော့ translate လုပ်လိုက်တယ်။ 63.63.63.1:8000 à
-  အဲ့လိုနဲ့ web server ကနေ return ပြန်လာတယ်။ 63.63.63.1:8000 နဲ့ ß
-  Nat က table ထဲမှာရှာလိုက်တော့ 63.63.63.1:8000 ဟာ 10.10.10.1:80 နဲ့ဆိုတာကို တွေ့သွားလို့ 10.10.10.1:80 နဲ့ translate လုပ်လိုက်တယ်။ 10.10.10.1:80
Port ကို အဓိက အသုံးပြုတာမို့ address တစ်ခုထဲကနေပြီ port ပေါင်း 64500 လောက်ကို translate လုပ်နိုင်တာမို့ တစ်ပြိုင်ထဲ့ host ပေါင်း 64500 လောက်ထိကို အသုံးပြုနိုင်ပါတယ်။ ပြောရရင်တော့ public address တစ်ခုထဲနဲ့ကို တစ်ပြိုင်ထဲ address 64500 လောက်ထိ အသုံးပြုနိုင်တာပေါ့ဗျာ။ Port ဟာဆိုရင် OSI 7 Layer ရဲ့ Layer 4 Transport Layer မှာ အလုပ်လုပ်တာဖြစ်တယ်။ Port တွေမှာ 0 to 65535 အထိရှိကြပါတယ်။ အဲ့ထဲကမှ 0 to 1023 ထိဟာ  Well Know Port Number (ပုံသေသတ်မှတ်ပြီးသား port များဖြစ်ပြီး သတ်ဆိုင်ရာ application များအတွက်ဖြစ်တယ်) များဖြစ်ကြပါတယ်။ 1024 to 65535 ထိကိုတော့ စိတ်ကြိုက်အသုံး ပြုနိုင်ပါတယ်
Example
R1 Configuration
Inter-vlan Routing
interface FastEthernet0/0
no shutdown
interface FastEthernet0/0.1
 encapsulation dot1Q 10
 ip address 192.168.1.1 255.255.255.0
interface FastEthernet0/0.2
 encapsulation dot1Q 20
 ip address 192.168.2.1 255.255.255.0
interface FastEthernet0/0.3
 encapsulation dot1Q 30
 ip address 192.168.3.1 255.255.255.0
Default Route
ip route 0.0.0.0 0.0.0.0 45.30.30.1
Access-list for PAT
access-list 10 permit 192.168.1.0 0.0.0.255
access-list 10 permit 192.168.2.0 0.0.0.255
NAT (PAT)
ip nat inside source list 10 interface GigabitEthernet1/0 overload
External web server to internal for Static Nat
ip nat inside source static tcp 192.168.3.10 80 45.30.30.2 80 extendable
ip nat inside source static 192.168.3.10 45.30.30.2 extendable
Interface inside and outside
interface GigabitEthernet1/0
ip nat outside
interface FastEthernet0/0.1
 ip nat inside
interface FastEthernet0/0.2
ip nat inside
interface FastEthernet0/0.3
ip nat inside
show ip nat translations
 Zawgyi
NAT အသုံးနှုန်းမျာ:
2-    Ouside Local    Translate မလုပ်ရသေးတဲ့ destination address
Static Nat
Dynamic NAT
ip nat inside
ip nat outside   
NAT Overloading (PAT)
Example
R1 Configuration
Inter-vlan Routing
no shutdown
Default Route
Access-list for PAT
NAT (PAT)
ip nat outside
 ip nat inside
ip nat inside
ip nat inside 
No comments:
Post a Comment